430 km – Poetry from the Thai-Myanmar Border

With a work of audio poetry, May Myat Zaw tells the story of an exiled woman from the Thai-Myanmar border who sends a letter to her imprisoned friends. But like her, stateless and unheard, the letter never reaches its destination.



430km (English)

From the border town

To the prison gate, the distance is

430 kilometres …

From a distance to a distance

A letter was sent.

This letter travelled down the Salween River

And when it reached the checkpoint

The prison guards tore it apart.

The reason is

A letter should not have

English words in it.

Especially,

About the jet fighters that have been flying daily for 3 years,

And the 500-lb bombs

Dropped from those planes,

And the schools destroyed

By those bombs,

Nothing of the sort can be written in it.

Don’t even mention about the

Lightning-struck living costs.

Expressions of personal feelings

And the poetry lines

Are also strictly banned

In the letter.

Truth be told, nothing disrespectful of the state should ever be written.

Censorship has become the language level

That has reduced human communication

To the barest minimum.

In fact,

There’s one piece of news I’ve always wanted to share.

But I fully understand that it’d never make it through to the inside.

‘Friends outside are dead.’

‘Friends outside are dead.’

‘Friends outside are all dead.’

Likewise,

There’s a news story

That never made it out.

‘Friends inside are dead.’

‘Friends inside are dead.’

‘Friends inside are all dead.’


430km (Burmese)

‘၄၃၀ ကီလိုမီတာ’ 

နယ်စပ်မြို့ကနေ 

ထောင်ဗူးဝအထိ အကွာအဝေးဟာ 

၄၃၀ ကီလိုမီတာ …. ။ 

အကွာအဝေးတခုကနေ တခုဆီကို

စာတစောင်ပို့လိုက်တယ်။ 

ဒီစာက သံလွင်မြစ်ထဲစီးဆင်းသွားပြီးမှ 

စစ်ဆေးရေးဂိတ်အရောက်မှာ 

ထောင်ဝန်ထမ်းက ဖြဲစုတ်လိုက်တယ်။ 

အကြောင်းအရင်းကတော့ 

စာတစောင်မှာ အင်္ဂလိပ်လို

စကားလုံးတွေမရေးသင့်ပါဘူး၊ 

အထူးသဖြင့်

၃ နှစ်လုံးနေ့စဉ်ပျံသန်းနေတဲ့ တိုက်လေယာဉ်အကြောင်း၊ 

အဲ့လေယာဉ်တွေကနေ ဖြုတ်ချလိုက်တဲ့

ပေါင် ၅၀၀ အရွယ်အစား ဗုံးသီးတွေအကြောင်း၊ 

ဒီဗုံးသီးတွေကြောင့် ပျက်စီးသွားတဲ့ 

စာသင်ကျောင်းတွေအကြောင်း၊ 

ဘာကိုမှ ထည့်သွင်းရေးသားလို့ရမှာမဟုတ်ပါဘူး။ 

မိုးကြိုးပစ်နေတဲ့ ကုန်စျေးနှုန်းတွေနဲ့ ပတ်သတ်ပြီး 

နည်းနည်းလေးမှ မ’ဟ’ လိုက်ပါနဲ့။ 

ပုဂ္ဂိုလ်ရေးခံစားချက်လွန်ကဲမှုတွေနဲ့ 

ကဗျာစာသားတွေ 

ထည့်သွင်းမှုကိုလည် အကြီးအကျယ် 

ပိတ်ပင်ပါတယ်။ 

ပြောရရင် နိုင်ငံတော်ကြီးကို မထီမဲ့မြင်ပြုရာများ ဘာဆိုဘာမှ မရေးသားအပ်ပါဘူး။ 

ဆင်ဆာဆိုတာ လူတွေရဲ့ ဆက်သွယ်ဖလှယ်မှုကို

အနိမ့်ဆုံးအဆင့်လျှော့ချလိုက်တဲ့ 

ဘာသာစကား ရေချိန်ဖြစ်လာပါတယ်။ 

တကယ်တော့ 

သတင်းတခုကို အမြဲပြောပြချင်နေခဲ့တာ။ 

ဒါပေမယ့် ဒီအကြောင်းအရာဟာ အထဲကို ဘယ်တော့မှ ရောက်မှာ မဟုတ်တာလည်း ကောင်းကောင်းနားလည်ပါရဲ့။ 

‘အပြင်က သူငယ်ချင်းတွေ သေကုန်ကြပြီ’

‘အပြင်က သူငယ်ချင်းတွေ သေကုန်ကြပြီ’

‘အပြင်က သူငယ်ချင်းတွေ အကုန် သေကုန်ကြပြီ’

အဲ့လိုပဲ 

အပြင်ကို မရောက်လာတဲ့ 

သတင်းတပုဒ်လည်းရှိပါရဲ့။ 

‘အထဲက သူငယ်ချင်းတွေ သေကုန်ကြပြီ’

‘အထဲက သူငယ်ချင်းတွေ သေကုန်ကြပြီ’

‘အထဲက သူငယ်ချင်းတွေ အကုန်သေကုန်ကြပြီ’


Author:


May is a 25-year-old female writer currently residing in Mae Sot, Thailand. She worked at a publishing house and a library before the coup. She also wrote pieces highlighting the military's involvement in our political system.



IG: @schrodinger_dead_cat


Previous
Previous

Behind Closed Doors: The Struggles and Hopes of Migrant Domestic Workers

Next
Next

Tracing My Grandparents’ Pen